ဓနုဖြူ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၅) ရပ်ကွက်၊ ရွှေရောင်ပြဘုန်းကြီးကျောင်းတွင် ရောင်းချ ပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဆန်(၁)ပြည်လျှင် ၂၀၀၀ကျပ်နှုန်း၊ ဆီ(၁)ပိဿာလျှင် ၄၆၀၀ကျပ်နှုန်း၊ ကြက်ဥ(၅)လုံးလျှင် ၁၀၀၀ကျပ်နှုန်း၊ အမဲသား(၁)ပိဿာလျှင် ၁၄၀၀၀ကျပ်နှုန်းနှင့် ဟင်းသီးဟင်းရွက်(၁)စီးလျှင် ၁၀၀ကျပ်နှုန်းဖြင့် အခြားအခြေခံစားသောက်ကုန်များကို ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ထိုသို့ရောင်းချပေးခြင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၇နာရီခွဲအချိန်မှ စတင်၍ အများပြည်သူဆိုင်ရာနေရာများတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် ဓနုဖြူမြို့ပေါ် ရပ်ကွက်များသို့ အခြေခံစားသောက်ကုန်များအား စျေးကားဖြင့် လှည့်လည်ရောင်းချခြင်း၊ အမှတ် (၈)ရပ်ကွက်၊ နာရီစဉ်အနီး အခွန်လွတ်စျေးတွင်လည်း နေ့စဉ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)