မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မိုင်းလုံ ဇူလိုင် ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် "ပတ္တမြား"ဆောင် ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းအုပ်ကြီး ဒေါ်နန်းဆိုင်လောင် ယခုပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူဦးရေတိုးလာခြင်း၊ (Grade-12) အတန်းတိုးလာခြင်းတို့ကြောင့် လိုအပ်သည့် စာသင်ကျောင်းဆောင်ကို လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားခြင်း၊ နမ့်ပိန်ရပ်မိရပ်ဖ ဦးတင်အောင်မှ အဆောင်သစ်ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခြင်း၊ ကျောင်းဆောင် ဆောက်လုပ်ရာတွင် ပါဝင်လှူဒါန်းပေးသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီးနောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဧည့်သည်တော်များက အဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျောင်းဆောင်သစ် (၃၀×၁၆)ပေ အကျယ် အမြင့်(၁၀)ပေရှိ ကျောင်းဆောင်ပေးအပ်ပွဲကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ နမ့်ပိန်ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)