မိုင်းတုံမြို့၌ မိုးစပါးနှင့် မိုးသီးနှံများ အထွက်တိုးစေရန် မြို့နယ်စိုက်ညှိအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

မိုင်းတုံ ဇူလိုင် ၂၅

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဟိုပန်ကျေးရွာသို့ စိုက်ပျိုးရေးကြည့်ကြပ်မှုကော်မတီမှ ယမန်နေ့ နေ့လယ်ပိုင်းက မိုးစပါးနှင့် မိုးသီးနှံများအထွက်တိုးစေရန်နှင့် မြေလွတ်မြေရိုင်းများမကျန်ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းတုံမြို့နယ် စိုက်ပျိုးရေးကြည့်ကြပ်မှူကော်မတီမှ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးလွင်မိုး၊ စိုက်ပျိုးရေးဦးစီးဌာနမှ အဖွဲ့များ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ အဖွဲ့များက မိုးစပါးစိုက်ပျိုးမှုအခြေအနေနှင့် မြေလွတ် မြေရိုင်းများ မကျန်ရှိစေရေး၊ မိုးသီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် ကွင်း​ဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်ဒေသခံပြည်သူများအား စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးနှင့် စနစ်တကျစိုက်ပျိုးတက်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မျိုးကျော်စိုး (မိုင်းတုံ၊ပြန်/ဆက်)