မိုင်းရယ် ဇူလိုင် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများအား တန့်ယန်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် မိုင်းရယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီတို့မှ တိုးတက်ပြောင်းလဲမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် တန့်ယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် မိုင်းရယ်မြို့နယ်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် ကော်မတီ၀င်များက မန်ပုံကျေးရွာနှင့် နောင်မိုအုပ်စု၊ ပန်ကိုးရွာ တို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးချေးငွေဖြင့် ကြက်၊ ဝက်မွေးမြူရေးလုပ်ငန်း၊ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သတင်းရသည်။
မိုင်းရယ်(ပြန်/ဆက်)