နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်  နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးမြေငလျင်ကြီးကြောင့် ဇမ္ဗူသီရိမြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

လက်ပံတန်း၌ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းဖြင့် လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ကွမ်းခြံကျေးရွာသစ်စီမံကိန်းဖွံ့ဖြိုးရေးလမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။

ခရီးသွားဧည့်သည်များအတွက် သာယာလှပသော အပန်းဖြေနေရာများစွာရှိသည့် ဂေါ်ရန်ဂျီကျွန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့အနီးရှိ ဂေါ်ရန်ဂျီကမ်းခြေသည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များလာရောက်လည်ပတ်ရန် ဆွဲဆောင်နိုင်ပြီး သာယာလှပသောနေရာများစွာ ရှိသည့်ကမ်းခြေတစ်ခုဖြစ်သည်။

လားရှိုးမြို့တွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ အတတ်ပညာသာမက အသိပညာဗဟုသုတများရှာမှီးနိုင်ရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ် (၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

ကွန်ဟိန်းမြို့၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအား ယမန်နေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အ.မ.က(ကျီးအစ်)တွင် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြော၍ ပညာပေးနံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅)ကျေးရွာအုပ်စုရှိ ကျီးအစ်အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်ခိုင်နှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် အရာထမ်းကြီး နေအိမ် ၂-ခန်းတွဲ၊ ၃-ထပ် ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်တွင် အရာထမ်းကြီးနေအိမ် ၂-ခန်းတွဲ၊ ၃-ထပ် ၂ လုံး အသစ်တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း ပန်းခင်း(၃)ထပ်တိုးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် 

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ပုသိမ်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်သည့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်း(၃)ထပ်တိုးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အုန်း‌ချောကျေးရွာအုပ်စု ချမ်းသာရဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။

ပုသိမ်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ထား

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိမဲရုံပြင်ဆင်ထားမှုအခြေအနေကို  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ဇန်နဝါရီ ၂၀ရက် နံနက်ပိုင်းက လှည့်လည်ကြည့်ရှုသည်။

ရမည်းသင်းမြို့နယ်၌ ဆင်းရွှေကြာ-၂ နေကြာ မျိုးရွေးချယ်အဆင့်မြှင့် တင်ထားသော မျိုးစေ့ထုတ်စိုက်ခင်းကွင်းပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်ဘဲ့ကျေးရွာအုပ်စု နွားကူးကျေးရွာရှိ တောင်သူဦးတိုးတိုးလွင်၏ ဆင်းရွှေကြာ-၂နေကြာမျိုး ရွေးချယ်အဆင့်မြှင့်တင်ထားသော မျိုးစေ့ထုတ်စိုက်ခင်း တောင်သူပညာ ပေးကွင်းပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
Subscribe to