မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အတွင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် အပိုင်း (၃) တွင် ပါ၀င်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြန်လည်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

လသာမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်၌ အ.ထ.က (၂) လသာမြညီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အဖွင့်အမှာစကားပြောကြားခဲ့​ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီးအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ် ဆရာမကြီးဒေါ် သီသီနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း-၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အင်းစိန်ခရိုင် ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများက၊ မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်စေရေးအတွက် အင်းစိန်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့နယ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်​ဆွေးနွေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စုပေါင်းရုံးမြို့နယ်ခန်းမတွင် ပြုလုပ်သည်။

ငါးသိုင်းချောင်းမြို့၌ ကြိုတင်ဆန္ဒမဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံ‌ရေးတပ်ဖွဲ့များနှင့် နိုင်ငံ့တာဝန်ဖြင့်ခရီးသွားရန် ရှိသူများအား ဇန်နဝါရီ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့ထိ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆောင်ဘုံကျေးရွာအရောက် ကျန်းမာရေးအသိပညာပေး ဟောပြော၊ အခမဲ့ဆေးကုသစောင့်ရှောက်‌ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လစဉ်ကျေးရွာများအရောက် ကျန်းမာရေးအသိပညာပေးဟောပြော၊ အခမဲ့ဆေးကုသစောင့်ရှောက်‌ပေးလျက်ရှိရာ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်စတင်၍ ဆောင်ဘုံ ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြသည်။

တမူးမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပသည်။

စစ်ကိုင်းမြို့၌ လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပစာပေကောင်းများဖတ်ရှုပြီး အချင်းချင်း အပြန်အလှန်ဆွေးနွေးတက်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လူငယ်စကားဝိုင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့နံနက်ပိုင်းက  စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to