နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် အရာထမ်းကြီး နေအိမ် ၂-ခန်းတွဲ၊ ၃-ထပ် ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဇမ္ဗူသီရိ ဇန်နဝါရီ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်တွင် အရာထမ်းကြီးနေအိမ် ၂-ခန်းတွဲ၊ ၃-ထပ် ၂ လုံး အသစ်တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အဆောက်အဦတည်ဆောက်ရာ၌ အတည်ပြုထားသည့် ဒီဇိုင်းပုံစံများနှင့် ကွဲလွဲမှုမရှိအောင်ဆောင်ရွက်ရေး၊ သံကူကွန်ကရစ် RC လုပ်ငန်းများနှင့် သံဆင်ခြင်း Reinforcing လုပ်ငန်းများတွင် သတ်မှတ်ထားသည့် ကွန်ကရစ် Mix Design ၊ သံချောင်းလုံးအရွယ်အစားနှင့် အရေအတွက်အတိုင်း မှန်ကန်စွာ ထည့်သွင်းဆောင်ရွက်ရေး၊ သတ်မှတ်ဒီဇိုင်းပုံစံပါ အရွယ်အစားနှင့် အခန်းဖွဲ့များအတိုင်း မှန်ကန်စွာ ဆောင်ရွက်ကြရေး၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ QA/QC များသည်လည်း သတ်မှတ်ထားသည့် Inspection and Test Plan (ITP) အတိုင်း မှန်ကန်စွာဖြင့် နည်းလမ်းတကျ ‌စစ်ဆေးဆောင်ရွက်ရေး၊ တည်ဆောက်ရေးလုပ်ငန်းစဉ် Construction Procedure မှန်ကန်မှုရှိအောင် တည့်မတ်ထိန်းကြောင်းစေရေး၊ မီး၊ ရေ မိလ္လာလုပ်ငန်းများ Function ဖြစ်အောင် ဆောင်ရွက်ကြစေရေးနှင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)