ဒေးဒရဲမြို့နယ်၌ (၂၀၂၅) ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အတွက် ကြိုတင်ဆန္ဒမဲပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ရာ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်းသိရသည်။