မိုင်းယန်း ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
မိုင်းယန်းမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း စုစုပေါင်း(၄၈)ဦးရှိပြီး ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဘဏ်ဖွင့်ရက်များ၊ ဘဏ်လုပ်ငန်းဆောင်ရွက်ချိန်များအတွင်း လာရောက်ထုတ်ယူရာတွင် အဆင်ပြေချောမွေ့မြန်ဆန်စွာ ထုတ်ပေးနိုင်ရေးအတွက် တာဝန်ရှိဘဏ်ဝန်ထမ်းများမှ စနစ်တကျစီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ထွန်းထွန်းထူး