ဟားခါး ဇန်နဝါရီ ၂၄
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ချင်းပြည်နယ်လွှတ်တော်ရုံးသို့သွားရောက်ပြီး ချင်းပြည်နယ်လွှတ်တော်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးဇော်နိုင်ငြိမ်းက လွှတ်တော်အစည်းအဝေးခန်းမ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌရုံးခန်းများ၊ ရေးရာရုံးခန်းများနှင့် ချင်းပြည်နယ်လွှတ်တော်ရုံးပိုင် မန်းထားရိပ်သာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးခရိုင်စုပေါင်းရုံးဝန်းအတွင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် (၇၈) နှစ်မြောက် ချင်းအမျိုသားနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းနှင့်တာဝန်ရှိသူများက မဏ္ဍပ်နှင့်မုခ်ဦးတည်ဆောက်ထားရှိမှုအခြေ အနေများကိုလည်းကောင်း၊ ဧည့်သည်တော်များ အဆင်ပြေချောမွေ့စွာတည်းခိုနေထိုင်နိုင်ရေးအတွက် ပြည်ထောင်စုရိပ်သာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လိုအပ်ချက်များရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းပြီး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)