ဖြူး ဇန်နဝါရီ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားများ ဆောင်ရွက်နေမှုကို ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဌာနမှဆောင်ရွက်နေသော လမ်းအရှည် (၀/၆.၇)မိုင်၊ လမ်းအကျယ် (၁၄)ပေရှိ ဝဲဒေါင့်-မင်းကံရိုးလမ်း၊ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေအား အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)