ယင်းမာပင် ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်တောကျေးရွာအုပ်စုအတွင်းရှိ မံရုံများအားမီးလန့်မှုနှင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်အဖွဲ့ဝင်များဦးဆောင်၍ မဲရုံးများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ပြီး မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား မီးဘေးအန္တရယ်ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးလက်တွေ့အသုံးပြုနည်းများအားရှင်းလင်းပြသခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အကြံပြုချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်