ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းများပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အောင်မြင်စွာဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များရှင်းလင်းဆွေးနွေးခြင်း၊ လုံခြုံရေးမကြိုပေါက်စေရေးမှာကြားခြင်း၊ နိုင်ငံ‌တော်အလံများလွှင့်ထူခြင်းအတွက် အရွယ်အစားသတ်မှတ်ချက်များနှင့် သစ်လွင်တောက်ပစွာဆောင်ရွက်ရေးမှာကြားခြင်း၊ အစိုးရပါဠိပထမပြန် စာအောင်ဆုနှင်းပွဲတွင် ဌာနဆိုင်ရာများပူပေါင်းပါဝင်ဆောင်ရွက်‌ရေးမှာကြားခြင်းများနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြရေးရှင်းလင်းပြောကြားပြီး၊ မြို့နယ်အတွင်းရှိ ဌာနများအနေဖြင့် လုပ်ငန်းများ‌ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အစည်းအဝေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအ‌‌နေဖြင့်  ဌာနဆိုင်ရာလုပ်ငန်းများ‌ ပေါင်းစပ်ဆောင်ရွက်ရန်ရှိပါက တင်ပြဆောင်ရွက်ကြရန်ကူညီရန်လိုအပ်ပါက ကူညီဆောင်ရွက်ပေးနိုင်ရန်များ စသည်ဖြင့် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဝင်းမြင့်အောင်က လုံခြုံရေးဆိုင်ရာကိစ္စများရှင်းလင်းဆွေးနွေးခြင်း၊ အတွင်းရေးမှူး မြို့နယ်ရဲမှူးက အလံများ သစ်လွင်တောက်ပရေးနှင့် လုံခြုံရေးဆောင်ရွက်မှုအခြေအနေများ ရှင်းလင်း‌ဆွေးနွေးခြင်း၊   မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်လဝကမှူးက လုပ်ငန်းဆောင်ရွက်ပေးမှုအခြေအနေများ ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသူဌာနဆိုင်ရာအသီးသီးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးတင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းနှင့် အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ကြကြောင်း သိရသည်။

နေမျိုးအောင်