စစ်ကိုင်း ဇန်နဝါရီ ၂၄
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် လူငယ်အားမာန်တိုင်းပြည်အဖိုးတန် Video Clip အား ပြသခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားပြေားကြားခဲ့ကာ နေပြည်တော်တွင်ကျင်းပဲ့သော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သော မောင်ဆွတ်ဇတ်အောင်က အတွေ့အကြုံများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အဖွဲ့(၃)ဖွဲ့ခွဲ၍ “လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် လူငယ်များပါဝင်နိုင်ရေး၊” “လူမှုရေး၊ ပညာရေးနှင့်ယဉ်ကျေးမှုမြှင့်တင်ရေး၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေ ထိုင်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊” “သတင်းအချက်အလက်နည်းပညာ(IT)၊ ဉာဏ်ရည်တုနည်းပညာ(AI) စနစ်ထူထောင်ရေ၊ Online Security လူမှုကွန်ယက်မီဒီယာ(Social Media)နှင့်ထိရောက်သော သတင်းမှန်ပြန်ကြားရေး” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေကြပြီး Moderator မှ အနှစ်ချုပ်ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး နေပြည်တော်တွင်ကျင်းပဲ့သော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ ကိုယ်စားလှယ်တက်ရောက်ခဲ့သော မနွေးနွေးဇော်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ လူငယ်ကြေညာစာတမ်းကို ဖတ်ကြားခဲ့ကြောင်းသိရသည်။
နေလင်းအောင်(ပြန်/ဆက်)