ပေါင်းတည် ဇန်နဝါရီ ၂၄
ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယခု ၂၀၂၆ ခုနှစ်တွင် မတ်ပဲ (၄၂၀၇၉) ဧက စိုက်ပျိုးထားရှိကာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ထို မတ်ပဲစိုက်ပျိုးထုတ်လုပ်ရေးနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ ပိုမိုအကျိုးဖြစ်ထွန်းစေရေးအတွက် TBL-9 မျိုးကို ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ထွက်ရှိနိုင်စေရေးနှင့် စိုက်ပျိုးရေးနည်းပညာ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ပြည်ပပို့ကုန် မတ်ပဲသီးနှံများတွင် ဓာတုဓာတ်ကြွင်းများ မပါရှိစေရေးအတွက် ဓာတ်မြေဩဇာနှင့် ဓာတုဆေးများလျှော့ချသုံးစွဲရေး၊ ဩဂဲနစ်သီးနှံများနှင့် ဈေးကွက်ဝင် စံမီသီးနှံများ စိုက်ပျိုးထုတ်လုပ်ရရှိရေးအတွက် သဘာဝမြေဩဇာများဖြင့် စိုက်ပျိုးမြေ ပြုပြင်စိုက်ပျိုးနိုင်ရေး၊ ခေတ်မီသိပ္ပံနည်းကျ စိုက်နည်းစနစ်များဖြင့် အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ရေး၊ နွားကျင်ငယ်ရေကို ရွက်ဖျန်းစိုက်ပျိုးရေးဆေးအဖြစ် သုံးစွဲနိုင်ရေးတို့ကိုလည်း ဆွေးနွေးပွဲများ၌ တောင်သူများအား တိုက်တွန်းနှိုးဆော်ထားခဲ့ကြောင်း သိရသည်။
ရွှေသား(IPRD)