ယင်းမာပင် ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်(၆)နာရီမှ စတင်ပြီး မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ကနီမြို့နယ်၌ မြို့ပေါ်(၃)ရပ်ကွက်တွင် မဲရုံပေါင်း(၃)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၄၀၇၆)ဦး ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်