မိုးညှင်းမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဌာနဆိုင်ရာပေါင်းစုံနှင့် အသက် (၂၅) နှစ်အောက် (အမျိုးသား)ဖူဆယ်ဘောလုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးညှင်း ဧပြီ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/ မြို့နယ်ဌာနဆိုင်ရာပေါင်းစုံနှင့် အသက် (၂၅) နှစ်အောက် (အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုများချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက ဖူဆယ်မိုးညှင်း အားကစားကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲစဉ်တွင် ညွှန့်ပေါင်းအသင်းနှင့် Young Generation(YG) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Young Generation(YG) အသင်းမှ သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရ၍ ပထမဗိုလ်စွဲခဲ့ပြီး တတိယလုပွဲတွင် လ.ဝ.ကအသင်းနှင့်လျှပ်စစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် လ.ဝ.ကအသင်းမှ တတိယရရှိခဲ့ကြောင်း သိရသည်။

ထို့နောက်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တစ်ကိုယ်တော်ကစားသမား အကောင်းဆုံးဆုနှင့်ဂိုးသမားအကောင်းဆုံး ဆုများအပါအဝင်၊ ပထမ၊ ဒုတိယနှင့် တတိယဆုများရရှိကြသည့်အသင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဧပြီလ(၁)ရက်မှ (၃)ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ပေါင်းစုံနှင့် အသက် (၂၅) နှစ်အောက်မှ စုစုပေါင်းအသင်း ရှစ်သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း