ကျွန်းလှ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုန်ရန်ပုံငွေမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့်တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူ ၁၀၄၁ ဦးအား ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ သုံးလအတွက်တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၂၄၆၀၀၀၀ ကို တစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ