မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလဲ ၁ နာရီခွဲက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး‌ဟောပြောပွဲကျင်းရာ အထက်တန်းကျောင်းသား/ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။

နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုအင်ဂျင်နီယာသင်တန်းများ စတင်ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုအင်ဂျင်နီယာသင်တန်းများကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်း လမ်းညွှန်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်း လမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

မိုးနဲမြို့နယ်၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၆)နောင်ခမ်း အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မုဒုံမြို့၌ ရော်ဘာမှိုင်းရုံ မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကလော့သော့ကျေးရွာအဝင် လမ်းဘေး၌ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ရော်ဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပဲခူးအချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ(၁၉)ဦး လွှတ်ငြိမ်းချမ်းသာခွင့်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်  ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ပဲခူးအချုပ်ထောင်မှ အကျဉ်းသား/သူ(၁၉)ဦးအား ယနေ့နံနက်ပိုင်းက လွှတ်ပေးခဲ့သည်။

မိုင်း‌ခတ်မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ ကော်မရှင်အဖွဲ့ခွဲဝင်များ ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ သင်တန်းဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ ဆောင်‌‌ရွက်နိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်များ ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မဲရုံမှူးနှင့်ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့်ဝန်ထမ်းများ၊ မဲရုံမှူးနှင့်ဒုမဲရုံမှူးများ တက်ရောက်ခဲ့ကြသည်။

ညောင်ဦးမြို့ မဟာဝိသုတာရာမတိုက် ပဓာနနာရယကဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇ) ဘဒ္ဒန္တပညာသိရီ အန္တိမအဂ္ဂဈာပနကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၊ အမှတ် ၄ နယ်မြေ၊ မဟာဝိသုတာရာမတိုက် ပဓာန နာရယကဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇ) ဘဒ္ဒန္တပညာသိရီ အန္တိမ အဂ္ဂဈာပနကျင်းပခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်၊ နံနက် ၈ နာရီအချိန်က မဟာဝိသုတာရာမတိုက် ကျောင်းဝန်းအတွင်းကျင်းပလျက်ရှိကြောင်းသိရသည်။

စေတုတ္တရာမြို့နယ်၌ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရပ်၊ ကျေးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စေတုတ္တရာမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအား ရပ်ကွက်၊ ကျေးရွာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to