ဟုမ္မလင်း ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်း အမှတ် “ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဧဆက်က ကျောင်းသားလူငယ်များအား “ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာများ”နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်နေ့များကို အမှတ်ရကြစေရန်အချိန်ကို စနစ်တကျစီမံခန့်ခွဲ၍ အကျိုးရှိစွာအသုံးချ တတ်စေရန်၊ ပြင်ပဗဟုသုတများရရှိစေရန် စာပေများကိုဖတ်ရှုလေ့လာခြင်းဖြင့် စာဖတ်ခြင်းမှရရှိလာမည့်အကျိုးကျေးဇူးများ၊ လူငယ်လူရွယ်များအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်၍ လူ့ပတ်ဝန်းကျင်တွင် လိုက်လျောညီတွေစွာနေတတ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မူလွန် (အ.မ.က-၁)ကျောင်းမှ Grade-4 ကျောင်းသား/သူ (၂၀)ဦးတို့က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်း အမှတ် သင်္ချာစွမ်းရည်ပြိုင်ပွဲအား အသီးသီးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြ၍ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများက နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသဆောင်ရွက်ထားရှိမှုကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများအား ဥာဏ်ရည်၊ ဥာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရေး၊ အသိပညာဗဟုသုတများတိုးလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)