ကျွန်းလှမြို့နယ်၌ ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပ

ကျွန်းလှ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရွှေကျွန်းမြေအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် ကျန်းမာရေးဌာနအသင်းနှင့် စည်ပင်သာယာရေးအဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးဌာနအသင်းက  ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဌာနပေါင်းစုံ ပြိုင်ပွဲဝင်အသင်း လေးသင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရအသင်းများအား ‌ပြည်ထောင်စုနေ့အခမ်းအနား၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)