ဒလ ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များမီးဘေး လုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဒလ-တွံတေးကားလမ်းမကြီးဘေး၊ ကမာကဆစ်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာမှ မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဗူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ထားခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြု ကြရန်၊မီးသွေး မီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း၊ မီးကျန်များအား စနစ်တကျမီးငြိမ်းသတ် ကြရန်နှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် ဆောင်ရွက်ပေးကြရန် စသည်တို့ကို စစ်ဆေးအကြံပြု လမ်းညွှန်မှာကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြင့်ဇော်(ပြန်/ ဆက်)