တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကြားရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) ပြန်လည်ဖွင့်လှစ်

တာချီလိတ် ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ကို ကိုဗစ်-၁၉ ရောဂါကြောင့် သုံးနှစ်ဝန်းကျင်ပိတ်ထားရာမှ ယနေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၁)ကို တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ရှိ တာဝန်ရှိသူတို့က ယနေ့နံနက်ပိုင်းက အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တံတားပေါ်တွင် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ တံတားပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံရှိ ဒေသပြည်သူများ အပြန်လှန်ဝင်ထွက်သွားလာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာကာ လူမှုစီးပွားများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)