ဒလ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ မြန်မာနိုင်ငံတစ်ဝှမ်း စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၆၉)ခုတွင် Grade-5 မှ ကျောင်းသား၊ ကျောင်းသူ(၁၅၁၄)ဦးနှင့် စာစစ်ဌာန(၁၇)ခုတွင် Grade-9 မှ ကျောင်းသား၊ ကျောင်းသူ(၁၂၄၇)ဦးတို့ ဝင်ရောက်ဖြေဆိုသွားကြမည်ဖြစ်ကြောင်း သိရသည်။ Grade-5 စာမေးပွဲသည် ခရိုင်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ Grade -9 စာမေးပွဲသည် တိုင်းစစ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သတင်းရရှိပါ သည်။
မြင့်ဇော်(ပြန်/ဆက်)