ပေါက်တော ဖေဖော်ဝါရီ ၂၃
ပေါက်တောမြို့၌ ၂၀၂၃ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U-25 ရပ်ကွက် ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အပြည့်အဝအထောက်အကူပြုစေရန်၊ အားကစားပွဲတော်မှ ထွက်ပေါ်လာမည့်ထူးချွန် အား ကစားသမားများမှသည် နိုင်ငံတော်အတွက်အားထားရသော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြမင်းထွန်းထံမှ သိရသည်။
အဆိုပါ ပြိုင်ပွဲဝင် အသင်းသားများအနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီမှ စတင်ပြီး ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီနောက်ဆုံးထားပြီး မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတွင် စာရင်းပေးသွင်း နိုင်ပါကြောင်း၊ ပြိုင်ပွဲတွင်အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းအား ကစားသမားဆု၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆု၊ အကောင်းဆုံး ရှေ့တန်းအားကစားသမားဆု၊ပွဲစဉ်တစ်လျှေက်အကောင်းဆုံးအားကစားသမားဆုနှင့် ပထမဆုရရှိသည့်အသင်းကို ငွေသားနှင့် တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြမင်းထွန်းကပြောကြားသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)