ရခိုင်ပြည်နယ် မောင်တောမြို့နယ် တပ်ဦးချောင်းအုပ်စုအတွင်းရှိကျေးရွာများတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မောင်တော ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တပ်ဦးချောင်းအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကံပြင်သာစည်ကျေးရွာနှင့် ကံသာယာကျေးရွာတို့တွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် မောင်တောခရိုင်လူမှုဝန်ထမ်းရုံးမှ ဌာနစိတ်မှူး ဦးစံဋ္ဌေးမောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပါအချက်အလက်များ၊ ကလေးသူငယ်များ၏ရပိုင်ခွင့်များ၊ ကလေးသူငယ်မှုခင်းများ၊ ကလေးသူငယ်များအား ထောက်ပံ့ပေးနေသည့်အခြေအနေများ၊ ကလေးကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများ စသည့်တို့ကို အသိပညာပေး အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်