၂၀၂၃ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား/ သူ(၄၇၁)ဦးအား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး

တွံတေး ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံတစ်ဝန်းတွင်၂၀၂၃ ခုနှစ် မတ်လ ၈ရက်မှ ၁၈ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပတော့မည့် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ကျောင်းသား ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့နံနက် ၁၀နာရီမှစတင်၍ အ.ထ.က(၁) ကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို ရပ်ကွက်နှင့်ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)နှင့်​​နေရာသစ်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အလွတ်ဖြေ ကျောင်းသား/ သူ(၄၇၁)ဦးတို့ကို ဝင်ခွင့်ကတ်ပြားများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် အတွဲ(၇)ဓာတု၊ ရူပ၊ ဇီဝဖြေဆိုသူ ကျား(၃၂)မ(၅၀)၊ အတွဲ(၁)ဓာတု၊ ရူပ၊ ဘောဂဖြေဆိုသူကျား(၁၃၀)ဦး၊ မ(၂၁၉)ဦး၊ အတွဲ(၂)ပထဝီ၊ သမိုင်း၊ ဘောဂဖြေဆိုသူ ကျား(၁၇)ဦး၊ မ(၂၃)ဦး စုစုပေါင်း ကျား(၁၇၉)ဦး၊ မ(၂၉၂)ဦး စုစုပေါင်း(၄၇၁)ဦး ဝင်ရောက်ဖြေဆို​ကြမည်ပြီး စာစစ်ဌာနကို အ.ထ.က(၁) တွံတေးစာစစ်ဌာနတစ်ခုထဲ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါတက္ကသိုလ် ဝင်တန်းစာမေးပွဲကတ်ပြားများကို ဖေဖော်ဝါရီ  ၂၀ရက်နေ့မှ မတ်လ ၈ရက်နေ့ ထိထုတ်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တွံတေးသား (ပြန်/ ဆက်)