ငွေဆောင် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် (၂၆.၁.၂၀၂၆)ရက်နေ့မှ (၃၀.၁.၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် Supervisory Skills Managment Course သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ယမုံနာဦးဟိုတယ် Ball Room ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ငွေဆောင်မြို့ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ သင်း(ငွေဆောင်ဇုန်)၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ငွေဆောင် ဇုန်)၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် အထွေထွေမန်နေဂျာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်သူဦးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Supervisory Skills Managment Course သင်ကြားပို့ချခဲ့မှု video clip အား ကြည့်ရှုခဲ့ကြသည်။ ထို့နောက်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးမှ သင်ကြားပြသပေးခဲ့သည့် သင်တန်းဆရာများအား ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသားများကိုလည်း ဆုတံဆိပ်နှင့်ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းကို ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၌ ကျွမ်း ကျင်လုပ်သားများ ပေါ်ထွက်လာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ငွေဆောင်ကမ်းခြေဒေသအတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအတွက် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဟိုတယ် အသီးသီးမှ သင်တန်းသား / သူ ( ၃၅) ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်း သိရသည်။
ကျော်လင်းဦး