မြဝတီမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မြဝတီ ဇန်နဝါရီ  ၃၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့အရန်မီးသတ်တပ်ဖွဲ့စခန်းတွင် ယနေ့နံနက် ၉ အချိန်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မောင်အောင်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး   ဆုချီးမြှင့်​​ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း အစီအစဥ်ကို  ဆက်လက်ကျင်းပခဲ့ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းတွင် မီးသတ်ပညာရပ်၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသားများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦဇော်မောင်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူး ညီညီလွင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးသာအောင်တို့က ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပြီးစစ်ရေးပြဘာသာရပ်တွင် ထူးချွန်ကြသည့် သင်တန်းသားများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂)ဦးအောင်မျိုးထွန်းတို့က ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို ချီးမြှင့်ခဲ့ကာ သင်တန်းနည်းပြ (၄)ဦးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝင်းလှိုင်က ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်က သင်တန်းသား (၅၀)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) အမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းကို ဇန်နဝါရီလ (၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ညနေ (၄:၀၀)နာရီမှ ည (၈:၀၀)နာရီအထိ ဖွင့်လှစ်ခဲ့ပြီးအ​ခြေခံ (လက်နက်မဲ့) စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာ ဘာသာရပ်နှင့်ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ရာ သင်တန်းသား  (၅၀)ဦး တက်ရောက် သင်ကြားခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)