နောင်ချိုမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၁/၂၀၂၆ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ‌နောင်ချိုမြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း နောင်ချိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၁/၂၀၂၆ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၃နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနား တက်ရောက် ဖွင့်လှစ်ပေးပြီး ဆုများချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။

ကျောက်မဲမြို့၊ အထက(၄) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ယနေ့ နံနက် (၉) နာရီအချိန် က ကျောက်မဲမြို့၊ အထက(၄) ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းသားကျောင်း ‌သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း (မြို့မတောင်ပိုင်း) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနား တက်ရောက်

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်​နေ့အခါသမ​ယတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကို ယမန်​နေ့မွန်းလွဲ ၃ နာရီအချိန်က မကွေးမြို့၊ မြသလွန်​စေတီ​တော် ဘုရားပွဲတော်ကွင်းပြင်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မ​တော်အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့၌ ကျင်းပသည့် (၅၁)ကြိမ်မြောက်၊ မိုဃ်းကောင်းဘုရားကြီး“ဆွမ်းဆန်တော် လောင်းလှူပွဲ" နှင့် နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ မိသားစုများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်မှ မိုဃ်းကောင်းဘုရားကြီးရင်ပြင်အထိ ကျင်းပသည့် (၅၁)ကြိမ်မြောက်၊ မိုဃ်းကောင်းဘုရားကြီး “ဆွမ်းဆန်တော်လောင်းလှူပွဲ" အခမ်းအနားကို တက်ရောက်သည်။

ခမောက်ကြီးမြို့၌ ငါးနှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း နှင့်မိခင်နှင့်ကလေးကျန်းမာ‌ရေးပညာပေး

တနင်္သာရီတိုင်းဒေသကြီ ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင်အသက် ၅ နှစ်အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက ခမောက်ကြီးမြို့ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့၌  ပြည်သူ့သက်သာဈေးဖွင့်လှစ်၍  အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာရောင်းချ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၌  ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက အစိုးစက်မှုလက်မှုသိပ္ပံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  ပြည်သူ့သက်သာဈေးဖွင့်လှစ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ ငါးနှင့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။

အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့ (ASI)က ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအပိုင်း(၂)ဆောင်ရွက်လျက်ရှိ

 အိန္ဒိယနိုင်ငံ Archaeological Survey of India(ASI)အဖွဲ့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံ(၅၀)ဆူကို Phase-II အနေဖြင့် အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီ၊ အင်္ဂတေပန်းတော့ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုထိန်းသိမ်းခြင်းလုပ်ငန်းများအား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ရာ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ရှေးဟောင်းအဆောက် အအုံ(၁၅)ဆူကို လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to