ပေါင်းတည်မြို့၌ မြန်မာရိုးရာ ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊‌ ပေါင်းတည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးပါသော ဝါးပင်အကြောင်း အသိပညာပေး Talk Show ပြုလုပ်

တောင်ဥက္ကလာပမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးပါသော ဝါးပင်အကြောင်း အသိပညာပေး Talk Show ပြုလုပ် တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၁ မြို့နယ်(ပြန်/ဆက်)

ဒေးဒရဲမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား ပဉ္စမအကြိမ်မြောက် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ဆက်ကပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပဉ္စမအကြိမ်မြောက် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲဆက်ကပ်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ ၁ ရက် (တပိုတွဲလပြည့်) နံနက် ၉ နာရီက အဆိုပါဘုရားတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌‌ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် အဖွဲ့ဝင်များ၊ ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ယက္ကန်းအဖွဲ့ ရှစ်ဖွဲ့နှင့် စက်ချုပ်အဖွဲ့တစ်ဖွဲ့တို့မှ ယက္ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များ၊ စေတနာရှင်အလှူရှင်များ၊ ဘုရားဖူးပြည်သူများတက်ရောက်ကြသည်။

သာစည်မြို့နယ်၌ နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ဟင်းခွတ်အိုင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်သစ် အဆောက်အဦးရှေ့တွင် ပြုလုပ်ကြောင်း သိရသည်။

ကယားပြည်နယ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တပို့တွဲလ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ဒေသကွပ်ကဲရေးမှူးနှင့် ဇနီး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသနေတိုင်းရင်းသားပြည်သူများနှင့်အတူ တက်ရောက်ဆင်နွှဲခဲ့သည်။

တိုက်ကြီးမြို့နယ် ဆည်တော်ဦးဆုတောင်းပြည့်စေတီတော်ရင်ပြင်‌တော်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာအုပ်စု ဆည်တော်ဦးဆုတောင်းပြည့်စေတီတော် ရင်ပြင်တော်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။
Subscribe to