ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဘောလီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၉၄) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ တက်ရောက်ကြည်ညို

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် (၉၄)ကြိမ်မြောက်နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှစတင်၍ မြို့တွင်းလမ်းတစ်လျောက် သတ်မှတ်ထားသည့် လမ်းများအတိုင်း ကျောက်တန်းရပ်ကွက်မှ အောက်လမ်းမကြီး တစ်‌လျောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်ထိ ပထမရက်အဖြစ်လည်းကောင်း၊ ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်း စျေးကြိုအဝိုင်းမှ မီးရထားဘူတာထိဒုတိယရက်အဖြစ် လည်းကောင်း၊ ဇေယျာသီရီရပ်ကွက်လမ်းမကြီးမှ ဒေါ်လန်းရပ်အထိ တတိယရက်အဖြစ်လည်းကောင်း၊ စတုတ္ထရက်နေ့တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိလည်းကောင်း လှည့်လည်အပူဇော်ခံရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖူးမြှော်ကြည်ညိုခဲ့ကြသည်။

ဒေးဒရဲမြို့နယ်လုံးဆိုင်ရာ (၁၃) ကြိမ်မြောက် ပုညသဟာယ ဆွမ်းဆန်စိမ်းလောင်းလှူရေး ပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် မြို့ပေါ်နှင့် မြို့နီးနားဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးလျက်ရှိသော ရဟန်းသံဃာတော်များ ဆွမ်းအခက်အခဲကို အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ပုညသဟာယဆွမ်းဆန်စိမ်းလောင်းလှူရေးအဖွဲ့က ဦးဆောင်ကျင်းပသည့် တစ်မြို့နယ်လုံးဆိုင်ရာ ပုညသဟာယဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲက မင်္ဂလာကံကျောင်းတိုက်ရှေ့မှစတင်၍ ဘုရားလမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများတက်ရောက် လောင်းလှူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မြန်အောင်ခရိုင် မြန်အောင်ရုံးခွဲ (၁၀) နှစ်ပြည့် နှစ် ပတ်လည်အခမ်းအနားကျင်းပ

မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မြန်အောင်ခရိုင်၊ မြန်အောင်ရုံးခွဲ (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် ထောက်ကူပစ္စည်းများ၊ ပညာသင်စရိတ်၊ အားကစားထူးချွန်ဆုများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ကမြန်အောင်မြို့‌နယ် ဒေါင်းကျ‌ကျေးရွာတွင်ကျင်းပပြုလုပ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရကျောင်းတိုက်၏ ကျောင်းတိုက်တည်နှစ် (၁၅၀) ပြည့်သမ္မာပဋိပတ်အကျင့်မြတ်ပူဇော်ပွဲ တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရကျောင်းတိုက်၏ ကျောင်းတိုက်တည်နှစ် (၁၅၀) ပြည့်သမ္မာပဋိပတ်အကျင့်မြတ်ပူဇော်ပွဲ တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်န်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များတက်ရောက်ကြည်ညိုခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်   

ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ ညနေပိုင်းက ၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အလုံမြို့နယ်၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း (၂) နာရီအချိန်က စာရေးဆရာကလောင်စုံရေးသားသည့် “‌ယောက်ျားတံခွန်လူရည်ချွန်” စာအုပ်ဖြင့် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။ ‌

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားနှင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော်(၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်ပိုင်းတွင်ကျင်းပရာ အဆိုပါစေတီတော်ကြီး၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဒဂုံတက္ကသိုလ်၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ဒဂုံတက္ကသိုလ်၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ ဒဂုံအရှေ့ ဖေဖော်ဝါရီ ၂ ဇွဲမင်းထက်(ပြန်/ဆက်)

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆို​ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း မြို့နယ်တွင်  ၂၀၂၆  ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ​​ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆို​ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to