ဂန့်ဂေါ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း (မြို့မတောင်ပိုင်း) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် အခြေခံပညာမူလတန်းကျောင်း (မြို့မတောင်ပိုင်း) ကျောင်းအုပ်ဆရာကြီး ဦးဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပင်လုံစာချုပ်၏အနှစ်သာရနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံကိုချစ်မြတ်နိုးတတ်သည့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရေးနှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီး အသိပညာဗဟုသုတ များရရှိစေမည့် သုတ/ရသစာအုပ်စာပေများကို အစဉ်အမြဲရှာဖွေလေ့လာဖတ်ရှုကြရမည့် အကြောင်းအရာများကို ကဏ္ဍစုံလင်စွာဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်ပိုင်း)ကျောင်းအုပ်ဆရာကြီး ဦးဌေးဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၉၆)ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံ ကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာကြ ကြောင်း သိရသည်။
မောင်မျိုးမင်း