သဲကုန်းမြို့နယ်တွင် ကြံသီးနှံစိုက်ဧကများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး ကြံခုတ်သိမ်းနည်းစနစ်မှန်ကန်ရေးနှင့် လမိုင်းအထူးအထွက်တိုးရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကြံသီးနှံစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး ကြံခုတ်သိမ်းနည်းစနစ်မှန်ကန်ရေးနှင့် လမိုင်းအထူးအထွက်တိုးရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သဲကုန်းမြို့နယ်၊ အင်းပေါ်ငယ်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။