ကျောင်းကုန်း ဧပြီ ၅
ဧရာဝဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်္ကြန်ယိမ်းအဖွဲ့များ ကြိုတင်လေ့ကျင့်လျက်ရှိသည်။
၁၃၈၇ ခု မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ကျောင်းကုန်းမြို့နယ် ဗဟိုမဏ္ဍပ်၌ နေ့စဉ်ဖျော်ဖြေရန် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့မှ ဖျော်ဖြေရေးယိမ်းအဖွဲ့(၁၀)ဖွဲ့တို့မှ သင်္ကြန်ယိမ်းအကများ လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့ ဗဟိုမဏ္ဍပ်၌ သင်္ကြန်ရက်များတွင် နေ့စဉ် ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး၊ လမ်းလျှောက်သင်္ကြန် ကျင်းပခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)