သဲကုန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း ဆောင်းသီးနှံစုံ (၈၉၉၄၄) ဧကစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဥ်ခြံမြေများ၊ မြေလွတ်မြေရိုင်းများတွင် စားပင်သီးပင်များ၊ မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များကို အဓိထား စိုက်ပျိုးရောင်းချလျက်ရှိရာ ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း ဆောင်သီးနှံစုံ(၈၉၉၄၄) ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လွိုင်လင်ခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁)နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ တက်ရောက်ခဲ့ကြသည်။

စေတုတ္တရာမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၉)နာရီအချိန်က စေတုတ္တရာမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင်ကျင်းပခဲ့ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ၊ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.မ.က (မူလွန်) တလုတ်ကုန်းကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.မ.က(မူလွန်)ခင်တန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်၌ လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းပွဲတက်ရောက်၊ “လှ”ချည်မျှင်ထုတ်လုပ်ရေး စက်ရက်ကန်စက်ရုံ၊ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံ၊ ဗိမာန်တည်ဆောက်ရေး၊ ကျောင်းအားကစားကွင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲသို့တက်ရောက်၍ ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာမှ သင်တန်းသူသုံးဦးအတွက် စက်ချုပ်လုပ်ငန်းထူထောင်နိုင်ရေး ပေးအပ်သည့် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ကာ အားပေးစကားပြောကြားခဲ့သည်။

ဂန့်ဂေါမြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

မိုင်းရှူးမြို့၌ HIV/AIDS ရောဂါနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် HIV/AIDS ရောဂါနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ် ချောင်းဖြူကျေးရွာရှိ ဒေသခံပြည်သူများ ရာသီစာအဖြစ် မုန့်ဩဇာလုပ်ကိုင်ရောင်းချ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ပဲကြီးလှော်လုပ်ငန်း၊ မုန့်လုပ်ငန်းနှင့် ဆောင်းတွင်းရာသီစာအဖြစ် မုန့်ဩဇာကို မိသားစုများ တစ်ပိုင်တစ်နိုင်လုပ်ကိုင်ရောင်းချခြင်းဖြင့် စီးပွားရေးအဆင်ပြေကြကြောင်း သိရသည်။

အ.ထ.က မိုင်းနောင်ရှိ KG ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်မြင့်မားစေရန် (စတုတ္ထအကြိမ်) ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အ.ထ.က မိုင်းနောင်ကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာကြံ့ခိုင်၍ ဉာဏရည်မြင့်မားစေရန် (စတုတ္ထအကြိမ်) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က ကျွေးမွေးခဲ့ကြောင်း သိရသည်။
Subscribe to