စစ်ကိုင်းမြို့၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ ထုံးဘိုရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၌ မဲရုံမှူးနှင့် ဒု-မဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မဲရုံမှူးနှင့်ဒု-မဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် (၁၀) နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ပြည်သူများ မဲစာရင်းမကျန်ရှိစေရေး( Door to Door) တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲ‌ပေးပိုင်ခွင့်မဆုံးရှုံး‌စေရေးတို့အတွက် ရပ်ကွက်၊ ကျေးရွာများအတွင်းအပိုင်းလိုက် သက်ဆိုင်ရာတာ၀န်ရှိသူများက ဆက်လက်ပြီး တစ်အိမ်တက်ဆင်းလိုက်လံကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မိုးညှင်းမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) လုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာလ ၂၉ ရက်နေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပင်လုံ​မြို့၌ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၄) ကြိမ်​မြောက်School Game ပြိုင်ပွဲ၌ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်မှ တစ်ဦးတည်းသော ဘတ်စကက်ဘောမြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ​ရွေးချယ်ခြင်းခံရသော  ​ကျောင်းသားလေးအား ကြိုဆိုဂုဏ်ပြု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊   လွိုင်လင်ခရိုင်ပင်လုံမြို့၌  ဘရူနိုင်းနိုင်ငံတွင်ကျင်းပမည့် (၁၄) ကြိမ်​မြောက် School Game ပြိုင်ပွဲ၌ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်မှ တစ်ဦးတည်းသော ဘတ်စကက်ဘောမြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ​ရွေးချယ်ခြင်းခံရသော ​အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသော (Grade- 10) ကျောင်းသား မောင်ပြည့်ဖြိုးကျော်အား ယနေ့နေ့လယ် ၁ နာရီက ပင်လုံမြို့ မြို့အဝင်ထိသွားရောက်ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ဒလမြို့နယ်၌ ၂၀၂၅ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်တွင် အံကြီးအနောက်ရပ်ကွက်ရှိ အ.ထ.က (ခွဲ) အ.လ.က (၃) ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

တံတားဦးမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တံတားဦးမြို့နယ်တွင် မကြာမီကာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ  ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေး နှိုးဆော်သည့် ဒို့အတူတူ မဲပေးကြမယ်  လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက  တံတားဦးမြို့ မြို့မဈေးအနီးတွင် ဈေးရောင်း၊ ဈေးဝယ်များ၊ ပဲမြစ်ဈေးတန်းတွင် ရောင်းဝယ်ကြသူများနှင့် အသက် (၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး  ဆုံးရှုံးမှုမရှိစေရေး  ပြည်သူအားလုံးပါဝင်ပြီး လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို အရောင်အသွေး စုံလင်စွာဖြင့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ငါ့သရောက်မြို့၌ ထန်းဆွဲမြူအိုးများ ထန်းတက်ရာသီအမီ စတင်လုပ်ကိုင်နေပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ရိုးရာအိုးလုပ်ငန်း အမြဲလုပ်ကိုင်နေသည့် တောင်ကုန်းကျေးရွာနေ ဦးနေလင်းထံက သိရသည်။

ဇလွန်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင်ပါဝင်နိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအလိုက်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင် ပါဝင်နိုင်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အင်းစိန်မြို့နယ်တွင် အခြေခံမီးသတ်သင်တန်းအမှတ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်း၊ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၊ ဓမ္မရက္ခိတဓမ္မာရုံတွင် အခြေခံမီးသတ်သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to