လောင်းလုံးမြို့နယ်၌ အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းအခမ်းအနားကို ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

​ဖြူးမြို့နယ်၌ ​မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စိစစ်ခြင်းစာမေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ထူးချွန်ထက်မြက်သော လူရည်ချွန် ကျောင်းသား/သူများပေါ်ထွက်လာစေရန်၊ တိုင်းပြည်အတွက် အားထားရမည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစိစစ်ခြင်းစာမေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ ရွှေတောင်ဒီဇင်ဘာ ၃ ရွှေတောင် (ပြန်ဆက်)

ဆောင်းရာသီတွင် မြေအောက်ရေဖြင့် ပန်းမုန်လာစိမ်း စိုက်ပျိုး

ဆောင်းရာသီတွင် မြေအောက်ရေဖြင့် ပန်းမုန်လာစိမ်း စိုက်ပျိုး တပ်ကုန်း ဒီဇင်ဘာ ၂ တင်စိုးလွင်

မင်းလှမြို့နယ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အခြေခံပညာဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများကို ယနေ့နံနက် ၉ နာရီကစတင်၍ အခြေခံပညာအထက်တန်းကျောင်း(မြို့ပြင်)တွင် ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက်(၉)နာရီက မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော နှမ်းဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော နှမ်းစိုက်ခင်းဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to