ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် သာသနာဆိုင်ရာထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ရရှိသူများအား တာချီလိတ်လေဆိပ်၌ ကြိုဆိုဂုဏ်ပြု
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်မှ ပေးအပ်ချီးမြှင့်သည့် သာသနာဆိုင်ရာထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု ရရှိသူများကို ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသနေပြည်သူများက ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။