စစ်တွေမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ မသန်စွမ်းသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စစ်ကိုင်းမြို့တွင် မဲစာရင်းများမှန်ကန်စေရေး တစ်အိမ်တက်ဆင်းစနစ်ဖြင့် မြေပြင်ကွင်းဆင်း ကောက်ယူမှုအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့်  တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မဲဆန္ဒရှင်စာရင်းများ  မှန်ကန်စေရေး သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဝင်များမှ ပတ္တမြားရပ်ကွက်၊ ရွှေမင်းဝံရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း Door To Door စနစ်ဖြင့် မြေပြင်ကွင်းဆင်း၍   စာရင်းကောက်ယူနေမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျောက်ဆည်မြို့တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပ

ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်၌ စားအုန်းဆီများကို ကျေးရွာအရောက် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်များအတွင်း နေထိုင်ကြသောပြည်သူများ စားအုန်းဆီများဝယ်ယူသုံးစွဲရာ၌ အဆင်ပြေစေရေး စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်မှ ကျေးရွာ (၃) ရွာသို့ စားအုန်းဆီ (၁) ပိဿာငွေ (၇၄၃၀) ကျပ်ဖြင့် ကျေးရွာအရောက် ရောင်းချပေးပြီး အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ့်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါရှိသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို  ဝါခင်းကုန်းကျောင်း၊ ဆူးဖြူသာသနာ့ရိပ်သာရှိ ဓမ္မဗိမာန်တော်ဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ပြင်ဦးလွင်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ  ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက်၁၈နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို ပြင်ဦးလွင်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။

မဟာအောင်မြေမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

‎‎မဟာ‌အောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို မဟာအောင်မြေမြို့နယ်၊ လူစည်ကားသည့်နေရာများ၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးမြို့နယ်များတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး Door to Door စနစ်ဖြင့် မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးမြို့နယ်များတွင် ဆန္ဒမဲပေးပိုင်ခွင်ရှိသူများ မဲပေးပိုင်ခွင်မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေး၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေးပြည့်ဝစွာ ရရှိစေရေးအတွက် မဲစာရင်းများကို တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုများကို လိုက်လံကြည့်ရှုပြီး ရပ်ကွက်နေပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် တာချီလိတ်ခရိုင်အတွင်း လမ်း၊ တံတားကဏ္ဍတိုးတက်ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အဖွဲ့သည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း လမ်း၊ တံတားကဏ္ဍတိုးတက်ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပြင်ဦးလွင်မြို့နယ်၌ မဲစာရင်းတွင်ပါဝင်နိုင်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်း (Door-to-door) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို  ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to