ရန်ကုန် ဖေဖော်ဝါရီ ၉
သန်လျင်ခရိုင်၊ သန်လျင်မြို့ ဗဟိုမူလွန်ကျောင်း တည်ထောင်ခြင်းနှစ် ၁၀၀ ပြည့် ရာပြည့်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ကြသည်။
ဦးစွာ ရာပြည့်ပွဲတော်ကျင်းပရေး နာယက ဒေါက်တာဦးဝင်းနှင့် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းတို့က အမှာစကားများ ပြောကြားပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူဟောင်းများက ဖွဲ့စည်းဆောင်ရွက်မည့် ဆပ်ကော်မတီများ ဖြည့်စွက်ပြင်ဆင်ဆောင်ရွက်မှုအား ကော်မတီတစ်ခုချင်းအလိုက် အတည်ပြုဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ရာပြည့်အကြိုကျောင်းရှေ့တွင် မြေစိုက်ပိုစတာစိုက်ထူခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ