မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ အသိပညာပေးခြင်း ဆောင်ရွက်

မိုင်းယောင်း ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောင်ယာမီးရှို့မှု၊ တောမီးရှို့မှုများ စည်းကမ်းမဲ့မပြုလုပ်စေရေး အသိပညာပေးခြင်းလုပ်ငန်းအပြင် သစ်တောဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ ဒေသန္တရအမိန့်အရ အရေးယူခြင်းခံရမည်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းစိစစ်ရေးအဖွဲ့ ၁၁ ဖွဲ့ခွဲ၍ ရပ်ကွက်/ကျေးရွာများ၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်ပြီး ယမန်နေ့က မြို့နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့(၂)မှ ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်ဒေကျေးရွာ၌လည်းကောင်း၊ အဖွဲ့(၆)မှ ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဝမ်ဟွန်းကျေးရွာ၌လည်းကောင်း၊ အဖွဲ့(၇)မှ မုန်းလိုက်ကျေးရွာအုပ်စု၊ ဝမ်ဇလီလော်ကျေးရွာ၌လည်းကောင်း ယခင်နှစ်က တောမီးရှို့ခြင်း၊ တောင်ယာခုတ်ထွင်ရှင်းလင်းမှုများနှင့် အမဲလိုက်၊ တောလိုက်ရာမှ တောတောင်များတွင် တောမီးရှို့မှုများဖြစ်ပွားခဲ့ပြီး ယခုနှစ်ပွင့်လင်းရာသီတွင် ဒေသတွင်း တောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများမပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ ဖုံးလွှမ်းသည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရေး စသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့်ပတ်သက်၍ အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း