မိုးညှင်းတက္ကသိုလ်၌ စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရမောင်မယ် (၁၃၀၉)ဦးအား ဘွဲ့လက်မှတ်များအပ်နှင်းနိုင်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ(၄)ရက်မှ (၁၀)ရက်အထိ ခုနှစ်ရက်ကြာ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပရာ ဘွဲ့ရမောင်မယ်စုစုပေါင်း (၁၃၀၉)ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း သူနာပြု-သားဖွားဒီပလိုသင်တန်းကျောင်း မောင်/မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်

ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု-သားဖွားသင်တန်းကျောင်း၊ မြစ်ကြီးနား၌ ၂၀၂၆ ပညာသင်နှစ် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ်သင်တန်းသို့တက်ရောက်ကြမည့် သင်တန်းသား/ သင်တန်းသူများ၏ မောင်/မယ်သစ်လွင်ကြိုဆိုပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သည့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်နေမှုကို  ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဇမ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ အပျိုဆောင် (၂၂၂‌ ပေ × ၄၄ ပေ) သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အဦ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို  အနီးကပ်ကြီးကြပ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ငပုတောမြို့နယ် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ဗုဒ္ဓဆင်းတုတော်များနှင့် စားသောက်ဖွယ်ရာများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီ အချိန်က အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ချောင်းဝကျေးရွာရှိ  မေတ္တာသုခကျောင်းတိုက် ဆရာတော်ဥုးသုမနသီရိအား ဖူးမျှော်ကြည်ညိုပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

ဖျာပုံမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဆေးထိုးနှံစုရပ်များတွင် ယနေ့နံနက်ပိုင်းအချိန်က ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ဈေးရောင်းပွဲတော်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၏ စုပေါင်းဈေးရောင်းပွဲတော်ကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးကောင်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်‌ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသည့် မြို့နယ်အုပ်ချုပ်‌ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို အရှေ့ရပ်ကွက်ရှိ အားကစားကွင်း၌ ဖေဖော်ဝါရီ(၉)ရက်နံနက် (၈) နာရီခွဲတွင် ကျင်းပသည်။
Subscribe to