သုံးခွ ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားရပ်ကွက်၊ ကျေးရွာပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ နံနက်၈ နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားပထမပွဲစဥ်တွင် မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအသင်းက (နှစ်ပွဲ) ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယပွဲစဥ်တွင် အမှတ် ၁ ရပ်ကွက်အသင်းနှင့် ပျဥ်းမကန်အသင်းတို့မှ ယှဥ်ပြိုင်ကစားလျက်ရှိရာ ပျဥ်းမကန်အသင်းမှ (နှစ်ပွဲ) ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်မှ ညနေ ၃ နာရီအချိန်ထိ အုပ်ဆုပတ်လည် အသင်း ၈ သင်းဖြင့် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်၊ ကျေးရွာပေါင်းစုံအမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ မှ ၁၁ ရက်နေ့အထိ သုံးခွမြို့နယ် အားကစားခန်းမ၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဆုရရှိသည့် အသင်းများအား ဖေဖော်ဝါရီ ၁၁ နေ့တွင် အားကစားခန်းမ၌ ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)