ခမောက်ကြီးမြို့တွင် ကျောင်းအဆင့်စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်

ခမောက်ကြီး ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်းနှင့်ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့မှ ဦးစီးကျင်းပသော ကျောင်းတွင်း ( မူ၊လယ်၊ထက် ) အဆင့်စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများပြုလုပ်ခြင်းကို ကျောင်းအုပ်ဆရာကြီးဦးတင်ကြိုင်နှင့်ဆရာဆရာမများ၊ ဌာနဆိုင်ရာများ၊ မိဘဆရာအသင်းနှင့်ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူများက"မူးယစ်ကင်းစင်တို့ ကျောင်းတခွင် "ခေါင်းစဉ်ဖြင့်လည်းကောင်း၊အလယ်တန်း အဆင့် ကျောင်းသား၊ကျောင်းသူများက " ကျောင်းသားနှင့်ကိုယ်ကျင့်တရား "ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မူလတန်းအဆင့်ကျောင်းသား၊ကျောင်းသူများက"လမြတ်ဝါဆို"ခေါင်းစဉ်ဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ခမောက်ကြီး (ပြန်/ဆက်)