ဥတ္တရသီရိ စက်တင်ဘာ ၅
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြိုနယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တောင်ညိုကျေးရွာ(ယာယီ)နယ်မြေမီးသတ်စခန်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဥတ္တရသီမြို့နယ် စီမံအုပ်အချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားရာ မီးသတ်တပ်ဖွဲ့ဝင်များရဲ့ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံမီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ ကျွမ်းကျင်ပြီး အရည်အသွေးတိုးတက်ပြည့်ဝစေရေး၊ ခေတ်မီမီးသတ်ပစ္စည်းကိရိယာများ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများကို စနစ်တကျကိုင်တွယ် အသုံးပြုတတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာစေရေး ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစိုးသက်နောင်က သင်တန်းတွင် အခြေခံစစ်ရေးပြ ဘာသာရပ်၊ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ အဆင့်မြင့်ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများကို ကိုင်တွယ်အသုံးပြုနည်းပညာများ၊ မီးသတ်စက်ကြီးနှင့် မီးသတ်စက်ကလေးများကို ကိုင်တွယ်အသုံးပြုနည်းသင်ခန်းစာများ၊ လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ရေး သင်ခန်းစာများကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်းပြောကြား၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများတက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၄ ရက်နေ့မှ (၂၉) ရက်နေ့အထိ သင်တန်းသား (၃၅) ဦးအား သင်တန်းနည်းပြ အရာရှိ (၃) ဦး၊ အခြားအဆင့် (၄) ဦးဖြင့် သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)