အထက်မင်းလှ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDP)အစီ အစဉ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘော်လီဘောနှင့် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ရာ ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် မီးသတ်တပ်ဖွဲ့အသင်းနှင့် ဒုတိယဆုရရှိသည့် ရုံးရပ်တောင်ရပ်ကွက်အသင်းများအား ဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုများ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မလွန်(က)အသင်း၊ ဒုတိယဆုရရှိခဲ့သည့် အ.ထ.က မင်းလှ(က)အသင်း၊ တတိယဆုရရှိခဲ့သည့် မလွန်(ခ)အသင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
မင်းလှမြို့နယ်၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်(TSDP)အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၆)သင်းနှင့် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အသင်း (၈)သင်းတို့က ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)