သတင်းများ

ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမနား-တောင်ညိုလမ်းမကြီး(မိုင်တိုင် ၁၆/၃ဖာလုံ)အနီးတွင်  ဆောင်ရွက်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 20,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့က ဘိုးနက် (အ.လ.က-ခွဲ) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ခရိုင်အဆင့် ကျောင်းသား အားကစားပြိုင်ပွဲများအတွက် လူရွေးချယ်ပွဲကျင်းပ
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ခရိုင်အဆင့် ကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဥ်ပြိုင်မည့် အားကစားနည်းများအတွက် လူရွေးချယ်ခြင်းကို ယနေ့ နံနက် (၈) နာရီက မြို့နယ်အားကစား ခန်းမ၌ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့်  ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Sep 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တုံတာမြို့ပေါ်ရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Sep 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် တုံတာမြို့၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိ တုံတာမြို့ပေါ်ရှိ ကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အမာမြို့ မြို့ပေါ်ရပ်ကွက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုဘိုင်းစာအုပ်ငှားရမ်းပေးခြင်း ဆောင်ရွက်
Sep 20,2023
အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံပြည်သူများ အသိပညာဗဟုသုတများကို အလွယ်တကူ ရှာမှီးနိုင်ရေး ရည်ရွယ်၍ စာအုပ်၊ စာစောင်များ မိုဘိုင်းငှားရမ်းပေးခြင်း ဆောင်ရွက်မှုကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၃) ရပ်ကွက်နှင့် အမှတ် (၄)ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ သီးနှံမျိုးစုံ (၂၀၃၁) ဧက ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ရေး မြောင်း(၄)မြောင်းအား သဲနုန်းများတူးဖော်ပေး
Sep 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၂၀၃၁)ဧက ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး မြောင်း(၄)မြောင်းအား သဲနုန်းများ တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး
Sep 20,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို Gavi အဖွဲ့နှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ မြို့နယ်အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ကွင်းဆင်းဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။