သတင်းများ

မင်းဘူးမြို့၌ ပင်နံငရုတ်သီးစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်းရရှိနေ
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပင်နံငရုတ်သီးစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ မြင့်တက်ကာ ဈေးကောင်းရရှိနေကြောင်း မင်းဘူးမြို့ အမှတ် (၄) မကြီးချောင်း ပွဲရုံလုပ်ငန်းရှင် ဒေါ်လဲ့ထံမှ သိရသည်။
နမ့်ခမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်
Sep 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ ဆောင်ရွက်ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် စတုတ္ထအကြိမ်မြောက်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး
Sep 20,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော့ဒွန်းကျေးရွာအုပ်စု၊ ကော့ဒွန်းကျေးရွာနှင့် ကြခတ်ကုန်းကြီးကျေးရွာအုပ်စု၊ ကြခတ်ကုန်းကြီးကျေးရွာတို့တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလဒုတိယအပတ်က အဆိုပါကျေးရွာနှစ်ရွာတို့တွင် စတုတ္ထအကြိမ်မြောက်အဖြစ် စီမံကိန်းရန်ပုံငွေများကို တာဝန်ရှိသူများက ပြန်လည်ထုတ်ချေးပေးသည်။
သရက်မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် တတိယအကြိမ်စိုက်ပျိုးရေးကဏ္ဍနှင့် သမဝါယမကဏ္ဍ အဆိုပြုလုပ်ငန်းမျာအတွက် ချေးငွေထုတ်ချေးမှု အခမ်းအနားကျင်းပ
Sep 20,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် တတိယအကြိမ် စိုက်ပျိုးရေးကဏ္ဍနှင့်သမဝါယမကဏ္ဍ အဆိုပြုလုပ်ငန်းများအတွက် ချေးငွေထုတ်ချေးမှုအခမ်းအနားကျင်းပခြင်းကို ယမန်နေ့နေ့လည်(၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု
Sep 20,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့နေ့လယ်ပိုင်းက သံတွဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုကြသည်။
ငဖဲမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး
Sep 20,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းနေအရွယ်မိန်းကလေးငယ်များအား ကျောင်းအခြေပြု မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ကို စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းခရိုင်အတွင်း (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မဉ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ် ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် စာရေးသူ၊ စာဖတ်သူစကားဝိုင်းကျင်းပ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် ယနေ့ နံနက် (၁၀) နာရီ အချိန်က စာရေးသူ၊ စာဖတ်သူစကားဝိုင်း ဆွေး‌နွေးကျင်းပခဲ့သည်။