ကျောက်တံတား စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် ယနေ့ နံနက် (၁၀) နာရီ အချိန်က စာရေးသူ၊ စာဖတ်သူစကားဝိုင်း ဆွေးနွေးကျင်းပခဲ့သည်။
စာရေးသူ၊ စာဖတ်သူစကားဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရဲနောင်ချစ်က ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာ ဖိုးရာဇာ (မအူပင်) ၏ ၁၅-၉-၂၀၂၃ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ “စာဖတ်သူတို့ စာဖတ်နိုင်အောင် ဆောင်ရွက်ခဲ့ဖူးသည်” ဆောင်းပါးအား စာရေးသူ ဖိုးရာဇာ (မအူပင်)နှင့် တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး၊ လူငယ်လူရွယ်တွေ စာဖတ်ချင်လာအောင်၊ စာဖတ်ရှိန်တွေ ပိုမိုမြင့်မားလာအောင် ဆောင်ရွက်ကြရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်၊၊
အဆိုပါ စာရေးသူ၊ စာဖတ်သူဆွေးနွေးပွဲသို့ ကျောက်တံတားမြို့နယ် စာအုပ်၊ စာစောင် ချစ်မြတ်နိုးများသူများ အဖွဲ့ (Book Club) နာယက စာရေးဆရာမ ညွန့်ညွန့် (ကလော)နှင့် လေအန်ကုန်းမှ စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ စာရေးဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်၊၊
မြို့နယ် (ပြန်ဆက်)